ပြောချင်လာလို့

Teacher Gyi Daw Zin Ni Myint at Students’ Festival

ပြောချင်လာလို့😫😫

👉👉👉ကိုယ့်အတွက်မဟုတ်ပါဘူး။
ရပ်ကွက် တစ်ချို့မှာ မိတ်ဆွေ အချို့နဲ့ ဆရာ/မတစ်ချို့ ထောက်ပံ့ကြေးသွားတောင်းကြတာ သန်းခေါင်စာရင်း မရှိလို့ မပေးဘူးကြားရတယ်။ 😔😔

👉👉👉သိချင်တာက နိုင်ငံတော်က သန်းခေါင်စာရင်းနဲ့ပေးတာလား၊ အိမ်ခြေအရေအတွက်နဲ့ပေးတာလား၊ ရှင်းရှင်းလင်းလင်းပြောပြပေးရင်ကောင်းပါမယ်။
👉👉👉ခုချိန်မှာ သန်းခေါင်စာရင်းထက် ၊ အိမ်ဌားနေရင်တောင်မှ အိမ်ထဲက ထွက်မရတဲ့ ပြည်သူတွေ အားလုံးရထိုက်တယ်လို့မြင်ပါတယ်၊ ဒီအချိန် မရှိလို့ အိမ်ဌားနေသူတွေရော မမျှဝေသင့်ဘူးလား၊ အိမ်ပိုင်ရင်တောင်မှ ခုချိန် သန်းခေါင်စာရင်း ဘယ်လို ထွက်လုပ်ရမလဲ။ 🦠 🦠 ကိုဗစ်ကပဲ ကိုးလလွယ်ပြီး ဆယ်လဖွားတော့မယ်

👉👉👉ပြီးတော့ သန်းခေါင်စာရင်းရှိတိုင်းလည်း တစ်ချို့ မယူကြပါဘူး၊ တစ်ချို့ကျတော့ ပြည်ပနဲ့ တစ်ခြားမြို့ရွာတွေရောက်နေကြလို့ မယူတာလည်းရှိပါတယ်။ ကျမတို့ဆို သွားလည်းမယူပါဘူး၊ လိုနေသူတွေ ပိုရပါစေဆိုတဲ့ အသိနဲ့ပါ။

ဒီလိုဆိုရင်ဖြင့် ဘယ်နှစ်အိမ်ကတော့ပေးပြီး ဘယ်နှစ်အိမ်ကတော့ မယူဆိုပြီးရော နိုင်ငံတော်ကို ရှင်းတမ်းလေးများ ပြန်ထုတ်ပေးကြပါသလား၊ စပ်စုတာပါ။😬😬

💪💪💪ကိုယ့်ရပ်ကိုယ့်ရွာ အနေကြာတာ ဘယ်သူတွေဆိုတာ နိုင်ငံတော်က ရယကတွေလောက် မသိပါဘူး။

😃😃😃ဒါ့ကြောင့် ခုချိန်မှာ တကယ်လိုအပ်သူတွေ အခက်အခဲ ဖြစ်နေသူတွေကို စားစရာမရှိလို့ ပိုးပြန့်လည်းမတတ်နိုင် ကိုယ့်ရပ်ရွာ ပြန်ပြေးတာမျိုး မဖြစ်ရအောင် သန်းခေါင်းစာရင်းလေး ဘေးဖယ်ပြီး ရပ်ကွက်မှာစီမံခန့်ခွဲသူတွေက စရိတ်မျှပေးသင့်ကြောင်း၊ နိုင်ငံတော်ရဲ့ စေတနာ ခက်ခဲနေသူ အားလုံး ရရှိခံစားရပါစေကြောင်း ဆုတောင်းရင်း၊ ဥာဏ်မှီသလောက် အကြံပြုပါရစေ။
ဟုတ်ကဲ့ ကျမ ဇင်နီမြင့်ပါရှင်
စာကြွင်း။ ။ကိုယ်ချင်းစာတရားနဲ့ မျှတစွာ ဆောင်ရွက်ပေးနေတဲ့အုပ်ကြီးများလည်း လေးစားလျှက်ပါ 😊

https://m.facebook.com/story.php?story_fbid=2084763374993724&id=100003802441753

Leave a Reply

Your email address will not be published. Required fields are marked *

HTML Snippets Powered By : XYZScripts.com
Share