Wave Money ဆိုင်များတွင် ငွေလိမ်ထုတ်နေသည့်အဖွဲ့ကို ဖမ်းမိရန် ရဲစခန်းများသို့ ဓာတ်ပုံများဖြန့်ဝေထား

အမည်ရင်း အေးမြတ်ရွှေ ( cherry day) လူလိမ်မပုံရိပ်

 မြန်မာနိုင်ငံအနှံ့အပြား ရှိ Wave Money ဆိုင်များတွင် ငွေကြေးလိုက်လံလိမ်လည်နေ သည့်အဖွဲ့သည် လွတ်မြောက်နေ ဆဲဖြစ်ပြီး ၎င်းတို့ကိုဖမ်းဆီးနိုင်ရန် မှတ်တမ်းဓာတ်ပုံများကို တစ်နိုင် ငံလုံးရှိ ရဲစခန်းများသို့ပေးပို့ထား ကြောင်း ရွှေညောင်မြို့မစခန်းမှူး ရဲအုပ်ရန်နိုင်ဝင်းကပြောသည်။

ယင်းအဖွဲ့သည် မေလ ၄ ရက်တွင် ညောင်ရွှေမြို့ ကြာနီ ပန်းစတိုးဆိုင်မှ Wave Money အကောင့်ကိုခိုးယူ၍ ယင်းနေ့တွင် ပင် ရွှေညောင်မြို့ရှိ Wave Money ဆိုင်တစ်ခု၌ ကျပ်၁,၈၃၀,၀၀၀ ထုတ်ယူခဲ့သည်။

ပူးပေါင်းလိမ််လည်သူ အမည်ရင်းအေးမြတ်ရွှေ ( cherry day) လူလိမ်မ

မောင်မောင်လွင်ဦးဆောင် သည့်ငွေကြေးလိမ်လည်သူသုံးဦး ကို တောင်ကြီးနယ်မြေအတွင်း နိုဝင်ဘာလ ၆ ရက်တွင်ဖမ်းဆီးနိုင်သော်လည်း အာမခံဖြင့်ပြန်လည်လွှတ်ပေးစဉ် လွတ်မြောက်ခဲ့ကြောင်း ရဲအုပ်ရန်နိုင်ဝင်းကပြောသည်။

‘‘ပုဒ်မ ၄၂၀ (လိမ်လည်မှု)နဲ့ အမှုဖွင့်တာဆိုတော့ အာမခံပေး လိုက်ရတယ်။ အခုပြန်ခေါ်တော့ ဆက်သွယ်လို့မရတော့တဲ့အ တွက် လိုက်လံရှာဖွေနေပါတယ်’’ ဟု ၎င်းကပြောသည်။

ယင်းအဖွဲ့သည် ကြာနီပန်းစတိုးဆိုင်တွင် ၁၀ ကြိမ်ခန့်ငွေလာ လွှဲဖူးကြောင်း စတိုးဆိုင်ပိုင်ရှင်ဦး မင်းသော်ထွေးက ပြောသည်။

‘‘ကျွန်တော်တို့ကလည်း Password ကိုသူတို့ရှေ့မှာ ရိုက် လိုက်မိတယ်။ နောက်နေ့အ ကောင့်ထဲမှာ ပိုက်ဆံမရှိတော့ ဘူး’’ ဟု ၎င်းကပြောသည်။

ယင်းအဖွဲ့သည် ရွှေညောင် မြို့မရဲစခန်းတွင် ကြာနီပန်းစတိုး ဆိုင်ပိုင်ရှင်နှင့်တွေ့ဆုံစဉ် နစ်နာ ကြေးလက်ခံရန် ပြောဆိုခဲ့သော် လည်း လက်မခံခဲ့ကြောင်း ဦးမင်း သော်ထွေးကပြောသည်။

‘‘သူတို့က သိန်း ၅၀ ယူမ လား၊ ၁၀၀ ယူမလားမေးတယ်။ သူတို့ခိုးထားတဲ့ပိုက်ဆံမလိုချင် ဘူးလေ’’ ဟု ၎င်းကပြောသည်။

Wave Money ကုမ္ပဏီသည် ငွေကြေးလိမ်လည်မှုနှင့် ပတ် သက်၍ ရွှေညောင်ရဲစခန်းတွင် ၆၆(ဂ)ဖြင့်အမှုဖွင့်ခဲ့သော်လည်း စစ်ဆေးနိုင်ခြင်းမရှိမီ လွတ် မြောက်ခဲ့သည်။

ယင်းအဖွဲ့ကို CCTV မှတ် တမ်းအရ သိရှိထားကြောင်း ကျောက်မဲမြို့မစခန်းမှူး ရဲအုပ် အောင်ဝင်းကပြောသည်။ မန္တ လေး၊ နေပြည်တော်နှင့်ရှမ်းပြည် နယ်အပါအဝင် ရဲစခန်းရှစ်ခုခန့် တွင် အဆိုပါအဖွဲ့ကို ဆက်သွယ် ရေးပုဒ်မ ၆၆ (ဂ)ဖြင့် Wave Money တာဝန်ခံက အမှုဖွင့်ထား သည်။

‘‘စခန်းသာမှာလည်း လာ လိမ်သွားတယ်။ ကျွန်တော်တို့ မမိလိုက်ဘူး’’ ဟု ရဲအုပ်အောင် ဝင်းကဆိုသည်။

Cherry Day အမည်ဖြင့်လိမ်လည်ခဲ့သူ လူလိမ်မ အေးမြတ်ရွှေ

Facebook တွင် Cherry Day အမည်ဖြင့် အမည်ရင်း အေးမြတ်ရွှေတစ်ယောက်သည်လည်း အဆိုပါအမှုတွဲတွင်ပါဝင်နေပြီး အေးမြတ်ရွှေသည် ကောဗစ်ကာလ မဖြစ်ပွားမီတွင် အိမ်ထောင်ရှိယောက်ျားများထံမှ ငွေကိုချူယူခြင်းများ၊ ရှိခဲ့ပြီး မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်သောလုပ်ငန်းတစ်ခုတွင်လည်း ပတ်သတ်နေသည်ကို ရဲတပ်ဖွဲ.ကထုတ်ပြန်ထားသည်။

အေးမြတ်ရွှေအမေသည်လည်း ယခင်နှစ်အစောပိုင်းက ပြည့်တန်ဆာ အက် ဥပဒေဖြင့် ထောင်ကျနေခဲ့ပြီး ယခုလက်ရှိအချိန်တွင် အင်းစိန်ထောင်တွင် နှစ်ကြီးပြည့်တန်ဆာအဖြစ် ဆက်လက်အဖမ်းခံနေရဆဲဖြစ်သည်။
မိန်းကလေးများကိုလူကုန်ကူးသောအမှုကြောင့် ပြည့်တန်ဆာအမှုမှ နှစ်ကြီး ပြည့်တန်ဆာမှုအဖြစ်ထောင်ဒါဏ်ကျခံရခြင်းဖြစ်သည်။

အေးမြတ်ရွှေသည်ယခုအခါ ပထွေးဖြစ်သူနှင့်အတူတူနေထိုင်လျှက်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

HTML Snippets Powered By : XYZScripts.com
Share